အေးစက်စက်နိုင်သော အခန်းကျယ်တစ်ခုမှာ ကွန်ပျူတာတွေ ၁၀လုံး ၁၅လုံး ဆင်ထားသည်။ ကောင်တာမှာ ခပ်သန့်သန့် မိန်းမပျိုတစ်ဦးက သူ့ကွန်ပျူတာကို ကြည့်ပြီး အလုပ်ရှုပ်နေသယောင် ဖြစ်နေ၏... ထိုမိန်းမပျိုက Microlab Speaker မှဖွင့်ထားသော Bunny Phyo Remix Album သီချင်းများကို အသံအတိုးအကျယ်လုပ်နေရင်း ခေတ်မှီမှီ အထာကျနေသယောင်... ထိုဆိုင်လေးသည်ကား ဆင်ခြေဖုံး နယ်မြို့လေးတစ်မြို့ရဲ့ Internet Cafe ဆိုင်လေးဖြစ်သည်။ ၅ ရာနှုန်းတောင် မရှိသော အင်တာနက်သုံးစွဲသူများသည်... ကျောင်းသားများ၊ လူငယ်လေးများ၊ မိန်းမပျိုလေးများ ကျက်စားရာနေရာတစ်ခုလို ဖြစ်နေသည်။ Gtalk ကိုဖွင့်ပီး အစိမ်းရောင် အကောင့်လေးများကို ရင်ခုန်ကြသည်။ မိမိတင်ထားတဲ့ စာသားကို ရေးလိုက် ပြန်ပြင်လိုက်နဲ့ အလုပ်ရှုပ်တတ်သည့် အပြင် Internet ပေါ်က Flash Songs music လေးများကိုလည်း Earphone ဖြင့် နားထောင်တတ်သေးသည်။ Connection ကောင်းတဲ့နေ့ဟာ ကံကောင်းတဲ့နေ့ဖြစ်ပြီး Gtalk ဟာ အနက်ရောင်ဖျော့ဖျော့လေးနဲ့ Signing in ဖြစ်မနေရင်ကို အဆင်ပြေတဲ့နေ့ဖြစ်သည်။ ကောင်လေးတစ်ယောက် ဆိုင်ထဲကို ၀င်လာသည်၊ ရေချိုးပြီးခါစ အသားကုန် ရွှိုင်းလာသောပုံစံ ဖြစ်သည်။ အခန်းထဲမှာ စျေးပေါပေါ ရေမွှေးနံ့...
Posts
Showing posts from June, 2020