ကျတော်ဟာ... ရောင်ခြာခြာနဲ့ပဲ ကျတော့်ချစ်သူနဲ့ အိမ်ထောင်ကျခဲ့တယ်... မိဘကျေးဇူးနဲ့ အရာရာနီးပါး အဆင်ပြေသလိုလို ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ တိုင်းရေး ပြည်ရေး ခေတ်က မကောင်းဘူး၊ အနာဂတ်ဆိုတာကလည်း ေ၀ေ၀၀ါး၀ါး ပါပဲ...။ ချမ်းသာတဲ့သူတွေဟာ ဆက်လျက် ချမ်းသာလျက်ပေါ့။ ကောင်းရာမွန်ရာ လုပ်စားပြီး ချမ်းသာတဲ့သူတွေကို ကြည်နူးပါတယ်၊ ၀မ်းသာပါတယ်။ မတော်မတရား ခေတ်ကို ခုတုံးလုပ်ပြီး ချမ်းသာလာသူတွေကိုတော့ ရွံရှာမိတယ်။ ကျတော်ဟာ ဘာမှမဟုတ်တဲ့ အမှုန်လေး တမှုံပါ၊ ကျတော့ ပတ်၀န်းကျင်လေး အတွက်ပဲ၊ တတ်နိုင်သလောက်လေး အေးချမ်းစေချင်မိ...။ လူတွေဟာ သူတို့ဘာသာ သူတို့ ခက်ခဲေ စကြတယ်... ဘာမှလည်း မဟုတ်ပဲနဲ့...။ ဘီယာလေး နည်းပါးသောက် အမှတ်ရလို့ရေးမိတဲ့ Blog 18-11-2021 (Thur)
Posts
Showing posts from November, 2021