Posts

Showing posts from October, 2013

Run မှာ သုံးလို့ရတဲ့ Command များ

Run Box ကနေ သုံးလို့ ရတဲ့ Command လေးတွေကို မျှ‌ေ၀ပေးလိုက်ပါတယ်နော်... (IT Reshare site မှ တစ်ဆင့် ကူးယူဖော်ပြပေးလိုက်ရပါတယ်...) To Access… Run Command Accessibility Controls access.cpl Accessibility Wizard accwiz Add Hardware Wizard hdwwiz.cpl Add/Remove Programs appwiz.cpl Administrative Tools control admintools Adobe Acrobat (if installed) acrobat Adobe Designer (if installed) formdesigner Adobe Distiller (if installed) acrodist Adobe ImageReady (if installed) imageready Adobe Photoshop (if installed) photoshop Automatic Updates wuaucpl.cpl Bluetooth Transfer Wizard fsquirt Calculator calc Certificate Manager certmgr.msc Character Map charmap Check Disk Utility chkdsk Clipboard Viewer clipbrd Command Prompt cmd Component Services dcomcnfg Computer Management compmgmt.msc Control Panel control Date and Time Properties timedate.cpl DDE Shares ddeshare Device Manager devmgmt.msc Direct X Control Panel (if installed)* directx.cpl Direct X Troubleshooter dx...

Java ကိုစိတ်ဝင်စားသူတွေအတွက်

       ကဲသူငယ်ချင်းတို့ရေ.. java ကိုလေ့လာနေတဲ့သူတွေအတွက် ဆိုဒ်လေးတစ်ခုပေးချင်ပါတယ် ..  Tutorial တွေကို free download လုပ်လို့ရပြီးတော့ သေချာအသေးစိတ်ရှင်းလင်းပေးတဲ့ ဆိုဒ်ကောင်းလေးတစ်ခုပါဗျာ... အရမ်းကောင်းပါတယ်.. ဒီမှာ သွားလိုက်နော်... :)                                                  နောင်လည်း java နဲ့ပတ်သက်တာလေးတွေတင်ပေးသွားပါမှာ...                                                                                       ...

သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ပါစေ...

သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ကြပါစေလို့ အရင်ဆုံးဆုတောင်းပေးလိုက်ပါတယ်...  ကျွန်တော်တို့ငယ်ငယ်တုန်းကတော့.. ရွာပြင်က ဘုရားကွင်းပြင်ကြီးမှာ ဗျောက်တွေဖောက်ကြ ဆီမီးတွေထွန်းကြနဲ့ပေါ့.. အရမ်းကိုပျော်စရာကောင်းတဲ့ အချိန်လေးတွေပါ... ရွာမှာရှိတဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့လုပ်အားခတွေကနေ ရရှိလာတဲ့ငွေလေးတွေကို စုစီးပြီးဆီမီးခွက်လေးတွေ လှူကြပါတယ်... သီတင်းကျွတ်လပြည့်နေ့မရောက်ရှိမှီကတည်းက ရွာသူကြီးအိမ်မှ အသံချဲ့စက်ဖြင့်အလှူခံပါတယ်.. (မှတ်မှတ်ရရ ကျွန်တော်နဲ့သူငယ်ချင်းများက ရွှေမြေဇူမြတ်စွာဘုရား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပွဲတော်ကြီးအတွက် မုန့်ဖိုးလေးတွေစုပြီး လှူခဲ့ရတာလေးတွေကို အမှတ်ရမိတယ်ဗျာ..)  ပိုက်ဆံတွေ အလှူခံရပြီဆိုရင် ဘုရားဝန်းအတွင်းမှာတော့ဆီမီးတွေထိန်ထိန်ညှီးလို့ပေါ့.... လျှပ်စစ်မီးကုံး မီးပန်းများကိုလည်း ရွာဘုံမီးစက်ကြီးဖြင့် အလင်းပေါက်ပူဇော်ခဲ့ကြတာပါ.. အဲဒီတုန်းကတော့ ကျွန်တော်တို့ရွာမီးမရသေးဘူးလေ...အခုလိုလျှပ်စစ်မီးရတဲ့အချိန်ဆိုရင်တော့ ပိုလို့တောင်လှလိမ့်မယ်လို့ထင်ပါသည်..   အခုတော့လည်း ကိုယ့်ရွာ ကိုယ့်ဇာတိမှာ ကိုယ်မရှိပေမယ့်လည်း... ကိုယ့်စိတ် ကိုယ်နှလုံးထဲမှာတော့...

အတုမရှိသော ဗုဒ္ဓမြတ်စွာဘုရား

Image
ကျွန်တော်ရဲ့ဆိုဒ်ကို လာရောက်ကြသူအပေါင်းတို့သည် ဗုဒ္ဓ၏အရိပ်အောက်တွင် တည်ရှိပါသောကြောင့် အေးချမ်းသာယာကြပါစေ... ၊ ဓမ္မတရားတော်တွေနှင့် ဓမ္မဆိုဒ်များကိုသွားချင်တယ်ဆိုရင်တော့  ဒီမှာ သွားလိုက်ပါနော်..

ငါ..........

   မဆုံတွေ့ချင်ပေမယ့်... ရင်းနှီးခဲ့ရတဲ့ငါ      မချစ်ချင်ပေမယ့်.... ထိန်းချုပ်မှုမဲ့ခဲ့တဲ့ ငါ              ကောင်မလေးရေ.....                       နင်ဟာငါ့အတွက်တော့..                   မျှော်လင့်ခွင့်မရှိတဲ့ သက်တံရောင်စဉ်လေးတစ်ခုပါ....    နင်ဂရုစိုက်တဲ့အခါ          ကြည်နူးခဲ့ရပေမယ့်....                နင်................................                            ငါ လုံးဝ မခံစားနိုင်ဘူး......            ...

သန့်စင်ကြယ်ရွာ...

Image
            ကျောင်းပိတ်သွားပြီဖြစ်သောကြောင့် ကျတော့်အိမ်သို့ပြန်ရောက်သည့်နေ့ ရွာထဲမလည်ဖြစ်တော့ပါ..အိမ်မှာပဲအမေတို့နဲ့စကားပြောရင်း...ညဘက်တွင်လည်း အင်တာနက်ခဏသုံးပြီး အိပ်ပျော်သွားပါသည်။ နောက်နေ့မနက်...ကျတော်ကြက်တွန်သံသဲ့သဲ့ နားထဲမှာကြားလိုက်ရသလိုလို ကျွန်တော်လန့်နိုးသွားသည်။ ရွာမြောက်ဘက်မှ သံချဲ့စက်မှ ဓမ္မသီချင်းများပျံ့လွှင့်နေသည်ကို ကြားရ၏.... အောက်ထပ်မှ အဖေတို့ အမေတို့ အသံလည်းကြားရသောအခါ ကျွန်တော်မေးလိုက်သည် “အမေ့ အသံချဲ့စက်က အစောကြီးရှိသေးတယ် ဘာလို့ဖွင့်တာလဲ” ကျွန်တော်မေးတော့မှ အမေက အခုမှကျတော့်ကို အမှတ်ရသယောင်နဲ့ “အယ်..ငါ့သား အမေလည်းမေ့နေတာ... ဒီနေ့ဒါနဘဏ်ဆွမ်းလောင်းပွဲနေ့လေ ထတော့ငါ့သား.. အမေတို့နဲ့လိုက်ခဲ့လေ” ကျတော်လည်း ဆွမ်းလောင်းပွဲကို သိပ်မရောက်ဖြစ်မှာ ကျောင်းတက်နေရတော့လည်း ရွာမှာဘာတွေလုပ်နေလဲ လက်တွေ့ကျကျမသိ... အရင်တစ်ခေါက်တော့ရောက်ဖူးသော်လည်း အခုတစ်ခေါက်က ကျတော့်ဦးလေးက ဆွမ်းကျွေးမယ့်ဒါကာဖြစ်နေသည်။ အိပ်ယာကထ မျက်နှာကုန်းရုန်းသစ်နေတုန်း အသံချဲ့စက် ကအော်နေသည်။ ဆွမ်းလောင်းမည့်သူများကိုဆော်သြနေသည်... မြန်မြန်အ၀တ်လေးလှဲပြီး ရ...

ကျွန်တော့်တို့ရွာ.....

Image

Hello!

ကျွန်တော်၏ ဘလော့တွင် ကျွန်တော်တတ်နိုင်သလောက် နည်းပညာများ၊ သတင်းများနှင့် ဖော်ဖြေမှုများ၊ သီချင်းများကို တင်ပေးသွားမှာပါ... ကျွန်တော်၏ အဓိက ရည်ရွယ်ချက်ကတော့ သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးမှု ရယူလိုခြင်းနှင့် ကျွန်တော့်၏ ဇာတိမြေ၊ ကျွန်တော့်ရွာလေး အကြောင်းကို အဝေးမှာရှိကြတဲ့ အကိုအမများသိစေရန် အလေးပေး တင်ပေးသွားမှာပါ....                                                                                                         အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား...     ...