Posts

 ကျတော်ဟာ... ရောင်ခြာခြာနဲ့ပဲ ကျတော့်ချစ်သူနဲ့ အိမ်ထောင်ကျခဲ့တယ်... မိဘကျေးဇူးနဲ့ အရာရာနီးပါး အဆင်ပြေသလိုလို ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ တိုင်းရေး ပြည်ရေး ခေတ်က မကောင်းဘူး၊ အနာဂတ်ဆိုတာကလည်း ‌ေ၀‌ေ၀၀ါး၀ါး ပါပဲ...။ ချမ်းသာတဲ့သူတွေဟာ ဆက်လျက် ချမ်းသာလျက်ပေါ့။ ကောင်းရာမွန်ရာ လုပ်စားပြီး ချမ်းသာတဲ့သူတွေကို ကြည်နူးပါတယ်၊ ၀မ်းသာပါတယ်။ မတော်မတရား ခေတ်ကို ခုတုံးလုပ်ပြီး ချမ်းသာလာသူတွေကိုတော့ ရွံရှာမိတယ်။ ကျတော်ဟာ ဘာမှမဟုတ်တဲ့ အမှုန်လေး တမှုံပါ၊ ကျတော့ ပတ်၀န်းကျင်လေး အတွက်ပဲ၊ တတ်နိုင်သလောက်လေး အေးချမ်းစေချင်မိ...။ လူတွေဟာ သူတို့ဘာသာ သူတို့ ခက်ခဲ‌ေ စကြတယ်... ဘာမှလည်း မဟုတ်ပဲနဲ့...။  ဘီယာလေး နည်းပါးသောက် အမှတ်ရလို့ရေးမိတဲ့ Blog 18-11-2021 (Thur)
အေးစက်စက်နိုင်သော အခန်းကျယ်တစ်ခုမှာ ကွန်ပျူတာတွေ ၁၀လုံး ၁၅လုံး ဆင်ထားသည်။ ကောင်တာမှာ ခပ်သန့်သန့် မိန်းမပျိုတစ်ဦးက သူ့ကွန်ပျူတာကို ကြည့်ပြီး အလုပ်ရှုပ်နေသယောင် ဖြစ်နေ၏... ထိုမိန်းမပျိုက Microlab Speaker မှဖွင့်ထားသော Bunny Phyo Remix Album သီချင်းများကို အသံအတိုးအကျယ်လုပ်နေရင်း ခေတ်မှီမှီ အထာကျနေသယောင်... ထိုဆိုင်လေးသည်ကား ဆင်ခြေဖုံး နယ်မြို့လေးတစ်မြို့ရဲ့  Internet Cafe ဆိုင်လေးဖြစ်သည်။ ၅ ရာနှုန်းတောင် မရှိသော အင်တာနက်သုံးစွဲသူများသည်... ကျောင်းသားများ၊ လူငယ်လေးများ၊ မိန်းမပျိုလေးများ ကျက်စားရာနေရာတစ်ခုလို ဖြစ်နေသည်။ Gtalk ကိုဖွင့်ပီး အစိမ်းရောင် အကောင့်လေးများကို ရင်ခုန်ကြသည်။ မိမိတင်ထားတဲ့ စာသားကို ရေးလိုက် ပြန်ပြင်လိုက်နဲ့ အလုပ်ရှုပ်တတ်သည့် အပြင် Internet ပေါ်က Flash Songs music လေးများကိုလည်း Earphone ဖြင့် နားထောင်တတ်သေးသည်။ Connection ကောင်းတဲ့နေ့ဟာ ကံကောင်းတဲ့နေ့ဖြစ်ပြီး Gtalk ဟာ အနက်ရောင်ဖျော့ဖျော့လေးနဲ့ Signing in ဖြစ်မနေရင်ကို အဆင်ပြေတဲ့နေ့ဖြစ်သည်။ ကောင်လေးတစ်ယောက် ဆိုင်ထဲကို ၀င်လာသည်၊ ရေချိုးပြီးခါစ အသားကုန် ရွှိုင်းလာသောပုံစံ ဖြစ်သည်။ အခန်းထဲမှာ စျေးပေါပေါ ရေမွှေးနံ့...
မင်း Company က ဘာလုပ်တာလဲ? ဘာတွေလုပ်ရတာလဲ? တစ်ချို့သူငယ်ချင်းတွေက ကျွန်တော့်ကို ခဏခဏမေးကြတယ်။ ကို့ Field မဟုတ်တော့ Automation Solution ဆို သိပ်နားမလည်ကြဘူး။ ကျွန်တော်တို့ Company လုပ်တဲ့အပိုင်းတွေထဲက System တစ်ခုကို မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဆောင်းပါလေးတစ်ခုလို ရေးပြချင်စိတ်ဖြစ်မိတာနဲ့ ရေးဖြစ်သွားပါတယ်။ Home Automation or Smart Home ဆိုတာဘာလဲ? ၂၁ ရာစုလူသားတွေဟာ နည်းပညာမြင့် Product တွေကို မြန်ဆန်ရုံသာမက မှော်ဆန်ဆန်၊ စိတ်ခံစားမှုတွေကိုပါ ပေးစွမ်းနိုင်သော Product တွေကို ပိုကြိုက်လာကြပါတယ်။ ဥပမာ - Smart Phone တစ်လုံးကို System Spec ကောင်းရုံတင်မဟုတ်ပဲ Entertainment တွေပါပေးနိုင်မယ့် Product မျိုးကိုကြိုက်ကြပါတယ်။ Apple Product တွေကိုလူကြိုက်များကြတယ် ကိုင်လိုက်ရတာနဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေပါရှိနေရင်နေမယ်။ ဖုန်းတစ်လုံးကိုတောင် ပုံစံဒီဇိုင်း၊ ကင်မရာကအစ ဂရုစိုက်ကြည့်ဝယ်တတ်လာကြပါတယ်။ လူနေအိမ်တွေမှာ လူစွမ်းအား လျှော့ချနိုင်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ပါ စီးမျောသုံးစွဲလာကြတဲ့ Technology တစ်ခုကတော့ Home Automation ခေါ် Smart Home ပဲဖြစ်ပါတယ်။ နံနက်ခင်းတစ်ခုကိုနိုးထလာပြီဆို...

၈၈ တုန်းက အမေ့ကဗျာ (စာမူဆုရခဲ့သည်...)

ကျေးလက်ကျောင်းသား၏ တစ်ညတာဒုက္ခ   - မွေးရပ်မြေလေး မြို့ပြနှင့်ဝေးသော်လည်း သည်းခြေကြိုက်ပညာ တတ်ချင်လှတာကြောင့် ရွာတွေစုပေါင်း တွဲဖက်ကျောင်းမှာ ပညာရှာမှီးခဲ့ပါသည်...   - လျှပ်စစ်မီး ဘယ်လိုကြီးပါလိမ့် စဉ်းစားရင်းစာကျက် ခက်လိုက်တာနော်   - ရူပဗေဒအလင်းခန်း အဆင်းပြားရှုပ်လိုက်တာ ပြိုင်ဆက်၊ တန်းဆက် ခက်လိုက်တာနော်....   - ထရန်စစ္စတာ တန်စတင်ကြိုးပုံး အုမ်းနိယာမ.... တဲ့ ပြုံးပြီးသာခေါင်းကုပ်မိ....   - မဖြစ်သေးပါဘု သက်ပြင်းခါခါချ ဒီစာတွေရအောင် မဟာဇနက္ကထုံး နှလုံးမှာပိုက် ကျုံးကာကျက်လိုက်မဟဲ့လို့ မီးခွက်ကိုကိုင်....   - တကယ်မလင်း ဘယ်အခင်းပါလိမ့် ချက်ချင်းအဖြေရှာမိ မီးဇာထိပ်ဖျားမှင်သီးများနဲ့ ရေနံဆီအ၀ယ်မှားပါပေါ့လား......။   နုမြေဇာယဉ်(သန့်စင်ကြယ်) ( ၁၅-၅-၈၈၊ နွေရာသီတေစုခေါင်းဆောင်သင်တန်း၏ နံရံကပ်စာစောင်မှာ အကောင်းဆုံးစာမူဆုရခဲ့သည် )

Run မှာ သုံးလို့ရတဲ့ Command များ

Run Box ကနေ သုံးလို့ ရတဲ့ Command လေးတွေကို မျှ‌ေ၀ပေးလိုက်ပါတယ်နော်... (IT Reshare site မှ တစ်ဆင့် ကူးယူဖော်ပြပေးလိုက်ရပါတယ်...) To Access… Run Command Accessibility Controls access.cpl Accessibility Wizard accwiz Add Hardware Wizard hdwwiz.cpl Add/Remove Programs appwiz.cpl Administrative Tools control admintools Adobe Acrobat (if installed) acrobat Adobe Designer (if installed) formdesigner Adobe Distiller (if installed) acrodist Adobe ImageReady (if installed) imageready Adobe Photoshop (if installed) photoshop Automatic Updates wuaucpl.cpl Bluetooth Transfer Wizard fsquirt Calculator calc Certificate Manager certmgr.msc Character Map charmap Check Disk Utility chkdsk Clipboard Viewer clipbrd Command Prompt cmd Component Services dcomcnfg Computer Management compmgmt.msc Control Panel control Date and Time Properties timedate.cpl DDE Shares ddeshare Device Manager devmgmt.msc Direct X Control Panel (if installed)* directx.cpl Direct X Troubleshooter dx...

Java ကိုစိတ်ဝင်စားသူတွေအတွက်

       ကဲသူငယ်ချင်းတို့ရေ.. java ကိုလေ့လာနေတဲ့သူတွေအတွက် ဆိုဒ်လေးတစ်ခုပေးချင်ပါတယ် ..  Tutorial တွေကို free download လုပ်လို့ရပြီးတော့ သေချာအသေးစိတ်ရှင်းလင်းပေးတဲ့ ဆိုဒ်ကောင်းလေးတစ်ခုပါဗျာ... အရမ်းကောင်းပါတယ်.. ဒီမှာ သွားလိုက်နော်... :)                                                  နောင်လည်း java နဲ့ပတ်သက်တာလေးတွေတင်ပေးသွားပါမှာ...                                                                                       ...

သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ပါစေ...

သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ကြပါစေလို့ အရင်ဆုံးဆုတောင်းပေးလိုက်ပါတယ်...  ကျွန်တော်တို့ငယ်ငယ်တုန်းကတော့.. ရွာပြင်က ဘုရားကွင်းပြင်ကြီးမှာ ဗျောက်တွေဖောက်ကြ ဆီမီးတွေထွန်းကြနဲ့ပေါ့.. အရမ်းကိုပျော်စရာကောင်းတဲ့ အချိန်လေးတွေပါ... ရွာမှာရှိတဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့လုပ်အားခတွေကနေ ရရှိလာတဲ့ငွေလေးတွေကို စုစီးပြီးဆီမီးခွက်လေးတွေ လှူကြပါတယ်... သီတင်းကျွတ်လပြည့်နေ့မရောက်ရှိမှီကတည်းက ရွာသူကြီးအိမ်မှ အသံချဲ့စက်ဖြင့်အလှူခံပါတယ်.. (မှတ်မှတ်ရရ ကျွန်တော်နဲ့သူငယ်ချင်းများက ရွှေမြေဇူမြတ်စွာဘုရား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပွဲတော်ကြီးအတွက် မုန့်ဖိုးလေးတွေစုပြီး လှူခဲ့ရတာလေးတွေကို အမှတ်ရမိတယ်ဗျာ..)  ပိုက်ဆံတွေ အလှူခံရပြီဆိုရင် ဘုရားဝန်းအတွင်းမှာတော့ဆီမီးတွေထိန်ထိန်ညှီးလို့ပေါ့.... လျှပ်စစ်မီးကုံး မီးပန်းများကိုလည်း ရွာဘုံမီးစက်ကြီးဖြင့် အလင်းပေါက်ပူဇော်ခဲ့ကြတာပါ.. အဲဒီတုန်းကတော့ ကျွန်တော်တို့ရွာမီးမရသေးဘူးလေ...အခုလိုလျှပ်စစ်မီးရတဲ့အချိန်ဆိုရင်တော့ ပိုလို့တောင်လှလိမ့်မယ်လို့ထင်ပါသည်..   အခုတော့လည်း ကိုယ့်ရွာ ကိုယ့်ဇာတိမှာ ကိုယ်မရှိပေမယ့်လည်း... ကိုယ့်စိတ် ကိုယ်နှလုံးထဲမှာတော့...