မင်း Company က ဘာလုပ်တာလဲ? ဘာတွေလုပ်ရတာလဲ? တစ်ချို့သူငယ်ချင်းတွေက ကျွန်တော့်ကို ခဏခဏမေးကြတယ်။ ကို့ Field မဟုတ်တော့ Automation Solution ဆို သိပ်နားမလည်ကြဘူး။ ကျွန်တော်တို့ Company လုပ်တဲ့အပိုင်းတွေထဲက System တစ်ခုကို မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဆောင်းပါလေးတစ်ခုလို ရေးပြချင်စိတ်ဖြစ်မိတာနဲ့ ရေးဖြစ်သွားပါတယ်။ Home Automation or Smart Home ဆိုတာဘာလဲ? ၂၁ ရာစုလူသားတွေဟာ နည်းပညာမြင့် Product တွေကို မြန်ဆန်ရုံသာမက မှော်ဆန်ဆန်၊ စိတ်ခံစားမှုတွေကိုပါ ပေးစွမ်းနိုင်သော Product တွေကို ပိုကြိုက်လာကြပါတယ်။ ဥပမာ - Smart Phone တစ်လုံးကို System Spec ကောင်းရုံတင်မဟုတ်ပဲ Entertainment တွေပါပေးနိုင်မယ့် Product မျိုးကိုကြိုက်ကြပါတယ်။ Apple Product တွေကိုလူကြိုက်များကြတယ် ကိုင်လိုက်ရတာနဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေပါရှိနေရင်နေမယ်။ ဖုန်းတစ်လုံးကိုတောင် ပုံစံဒီဇိုင်း၊ ကင်မရာကအစ ဂရုစိုက်ကြည့်ဝယ်တတ်လာကြပါတယ်။ လူနေအိမ်တွေမှာ လူစွမ်းအား လျှော့ချနိုင်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ပါ စီးမျောသုံးစွဲလာကြတဲ့ Technology တစ်ခုကတော့ Home Automation ခေါ် Smart Home ပဲဖြစ်ပါတယ်။ နံနက်ခင်းတစ်ခုကိုနိုးထလာပြီဆို...
Posts
Showing posts from March, 2020