မင်း Company က ဘာလုပ်တာလဲ? ဘာတွေလုပ်ရတာလဲ?
တစ်ချို့သူငယ်ချင်းတွေက ကျွန်တော့်ကို ခဏခဏမေးကြတယ်။ ကို့ Field မဟုတ်တော့ Automation Solution ဆို သိပ်နားမလည်ကြဘူး။ ကျွန်တော်တို့ Company လုပ်တဲ့အပိုင်းတွေထဲက System တစ်ခုကို မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဆောင်းပါလေးတစ်ခုလို ရေးပြချင်စိတ်ဖြစ်မိတာနဲ့ ရေးဖြစ်သွားပါတယ်။
Home Automation or Smart Home ဆိုတာဘာလဲ?
၂၁ ရာစုလူသားတွေဟာ နည်းပညာမြင့် Product တွေကို မြန်ဆန်ရုံသာမက မှော်ဆန်ဆန်၊ စိတ်ခံစားမှုတွေကိုပါ ပေးစွမ်းနိုင်သော Product တွေကို ပိုကြိုက်လာကြပါတယ်။ ဥပမာ - Smart Phone တစ်လုံးကို System Spec ကောင်းရုံတင်မဟုတ်ပဲ Entertainment တွေပါပေးနိုင်မယ့် Product မျိုးကိုကြိုက်ကြပါတယ်။ Apple Product တွေကိုလူကြိုက်များကြတယ် ကိုင်လိုက်ရတာနဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေပါရှိနေရင်နေမယ်။ ဖုန်းတစ်လုံးကိုတောင် ပုံစံဒီဇိုင်း၊ ကင်မရာကအစ ဂရုစိုက်ကြည့်ဝယ်တတ်လာကြပါတယ်။
လူနေအိမ်တွေမှာ လူစွမ်းအား လျှော့ချနိုင်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ပါ စီးမျောသုံးစွဲလာကြတဲ့ Technology တစ်ခုကတော့ Home Automation ခေါ် Smart Home ပဲဖြစ်ပါတယ်။
နံနက်ခင်းတစ်ခုကိုနိုးထလာပြီဆိုတာနဲ့ ဘေးက Smart Touch ခလုပ်ကို တစ်ချက်နှိပ် ဒါမှမဟုတ် I pad, Smart Phone or Tablet တစ်ခုကနေ တစ်ချက်နှိပ်လိုက်ရင် Motorized လိုက်ကာလေးတွေဟာ Cannon in D လိုမျိုး Piano Music သံလေးနှင့်အတူ တရွေ့ရွေ့တက်သွားမယ်၊ ဒါမှမဟုတ် Dhamma Songs, Soft songs လေးတွေပြန့်လွင့်နေမယ်။ နေ့သစ်တစ်ခုကို သံစဉ်လေးတွေနှင့်စကြမယ်။ အလုပ်မသွားခင် စိတ်ကိုလန်းဆန်းကြည်နူးစေယုံသာမက One touch for everything လို့ပြောရင်တောင် လွန်မယ်မထင်ဘူး။ မီးအလင်းရောင်ဟာ တဖြေးဖြေးနဲ့ သူ့ဘာသာမှိတ်ပေးမယ်။ Air-con က သတ်မှတ်ထားတဲ့ Temperature ကိုလျှော့ပေးမယ်။ TV က မနက်ခင်း News Channel တစ်ခုကို အလိုလိုဖွင့်ပေးတာ။ ထိုကဲ့သို့ အရာ အားလုံးဟာ သင့်စိတ်ကြိုက်ထားလို့ ရပါတယ်။
၁၉ ရာစု လောက်တည်းက Home Automation ရဲ့သမိုင်းကို Washing Machine တွေ၊ Refrigerator ၊ Water Heater တွေနဲ့ စခဲ့ကြတယ်။ Wiki မှာဖော်ပြထားတာကတော့ Generation (၃)ဆက်ရှိပါတယ်။
First generation: wireless technology with proxy server,
Second generation: artificial intelligence (AI) controls electrical devices,
Third generation: robot buddy who interacts with humans
ဆိုပြီးဖြစ်ပါတယ်။
Smart Home ကို ထိန်းချုပ်ဖို့အတွက် Protocol တွေမျိုးစုံရှိပါတယ်။ Local Network တစ်ခုရှိနေရပါ့မယ်၊ ဒါ့အပြင် Cloud Service ပါတဲ့အတွက် Oversea ကိုရောက်နေသည်ဖြစ်စေ Internet ရှိတဲ့ ဘယ်နေရာကမဆို ထိန်းချုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Automation Company အနည်းငယ်သာရှိပါတယ်၊ ကျတော်လက်ရှိလုပ်နေတဲ့ Diginet International Company ကတော့ Smart Home System အတွက် Full Solution ပေးနိုင်တဲ့ Company တစ်ခုပါ။ Hotel & Villa Project Reference တွေများစွာ ရှိနေခဲ့ပြီး Warranty လည်း ပေးတယ်။ ကိုယ့်နိုင်ငံမှာပဲဆိုတော့ Local Service အမြဲရှိနေတဲ့အတွက် တစ်ခုခုဖြစ်ရင် ချက်ချင်းခေါ်လို့ရတာပေါ့။ ( ဒါကတော့ ကြော်ငြာပါ ) 
ထားပါတော့ ကျတော့်အမြင် ဘာကြောင့်လဲ? Smart Home System တပ်လို့ ဘာတွေပိုမိုကောင်းလာမှာလဲဆိုရင် အသေးစိတ်တော့ ပြောမပြတော့ဘူး စောစောက အလုပ်တွေအကုန်လုံး မီးခလုပ် ထပိတ်တာ၊ Aircon ပိတ်ဖို့ Remote ရှာရတာ၊ လိုက်ကာကြိုး သွားဆွဲနေတရာ စတာတွေလုပ်ဖို့ အချိန်ကုန် လူပင်ပန်း မဖြစ်တော့ပါဘူး။ သီချင်းလေးဖွင့်ဖို့ကို ဟိုဒီ ရှာနေရဦးမှာမဟုတ်လား။ ဒါတွေအားလုံးဟာ Touch တစ်ချက်နှိပ်ရုံပါပဲ။ Programming ရေးတဲ့အခါ Customer လိုချင်တဲ့ပုံစံအတိုင်း ရေးပေးကြရပါတယ်။ ဒါလောက်နဲ့တင် မကပါဘူး မိမိအိမ်အတွက် Security ပိုင်းတွေ၊ Energy Saving ပိုင်းတွေပါဝင်နေတာကြောင့် ကြာလာတာနဲ့အမျှ အိမ်အတွက် ကုန်ကျစရိတ်ဟာ သိသိသာသာ သက်သာလာမှာပါ။ ဒါကတော့ Building ကြီးရင်ကြီးသလို သက်သာမှာပါ။
နိဂုံးချုပ်ရရင် အိမ်မှာရှိတဲ့ Electronic Device တွေကို Program ရေးပြီး စိတ်ကြိုက်ထိန်းချုပ်တာကို Smart Home လို့ခေါ်ပါတယ်။ စိတ်ကျေနပ်စေမယ့် Lighting Design တွေ, Energy Saving, Security ပိုင်းတွေအပြင် Interior Design အလိုက် စနစ်တကျ တပ်ဆင် ထိန်းချုပ်လာကြတာဖြစ်ပါတယ်။ အိမ်ရဲ့ခြံတံခါးကစလို့ မီးဖိုချောင်အထိ Automation ဖြစ်သွားပါတယ်။ မိမိအိမ်ဟာ လုံးဝ Smart ဖြစ်သွားပြီလို့ ဆိုရမှာပါ။ Smart Home System အတွက် ဒီလောက်ပါပဲ…။
နောက်ထပ်လုပ်တာတွေကတော့ Factory & Machine Automation, Building Management System (BMS), Car Parking Guidance & Auto Payment System, Wire & Wireless Digital Conference System, Industrial & Enterprise Communication Solution, Digital Signage, Multi-touch Display, Video Wall Solution, ELV စသည်တို့လည်း လုပ်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
အးလုံးကို လေးစားလျက်...
#Smarthome
#Moethantswe
(Senior Application Engineer)
DigiNET International Co., Ltd.
Comments