၈၈ တုန်းက အမေ့ကဗျာ (စာမူဆုရခဲ့သည်...)
ကျေးလက်ကျောင်းသား၏ တစ်ညတာဒုက္ခ - မွေးရပ်မြေလေး မြို့ပြနှင့်ဝေးသော်လည်း သည်းခြေကြိုက်ပညာ တတ်ချင်လှတာကြောင့် ရွာတွေစုပေါင်း တွဲဖက်ကျောင်းမှာ ပညာရှာမှီးခဲ့ပါသည်... - လျှပ်စစ်မီး ဘယ်လိုကြီးပါလိမ့် စဉ်းစားရင်းစာကျက် ခက်လိုက်တာနော် - ရူပဗေဒအလင်းခန်း အဆင်းပြားရှုပ်လိုက်တာ ပြိုင်ဆက်၊ တန်းဆက် ခက်လိုက်တာနော်.... - ထရန်စစ္စတာ တန်စတင်ကြိုးပုံး အုမ်းနိယာမ.... တဲ့ ပြုံးပြီးသာခေါင်းကုပ်မိ.... - မဖြစ်သေးပါဘု သက်ပြင်းခါခါချ ဒီစာတွေရအောင် မဟာဇနက္ကထုံး နှလုံးမှာပိုက် ကျုံးကာကျက်လိုက်မဟဲ့လို့ မီးခွက်ကိုကိုင်.... - တကယ်မလင်း ဘယ်အခင်းပါလိမ့် ချက်ချင်းအဖြေရှာမိ မီးဇာထိပ်ဖျားမှင်သီးများနဲ့ ရေနံဆီအ၀ယ်မှားပါပေါ့လား......။ နုမြေဇာယဉ်(သန့်စင်ကြယ်) ( ၁၅-၅-၈၈၊ နွေရာသီတေစုခေါင်းဆောင်သင်တန်း၏ နံရံကပ်စာစောင်မှာ အကောင်းဆုံးစာမူဆုရခဲ့သည် )