၈၈ တုန်းက အမေ့ကဗျာ (စာမူဆုရခဲ့သည်...)

ကျေးလက်ကျောင်းသား၏ တစ်ညတာဒုက္ခ

 
- မွေးရပ်မြေလေး မြို့ပြနှင့်ဝေးသော်လည်း
သည်းခြေကြိုက်ပညာ တတ်ချင်လှတာကြောင့်
ရွာတွေစုပေါင်း တွဲဖက်ကျောင်းမှာ
ပညာရှာမှီးခဲ့ပါသည်...
 
- လျှပ်စစ်မီး ဘယ်လိုကြီးပါလိမ့်
စဉ်းစားရင်းစာကျက် ခက်လိုက်တာနော်
 
- ရူပဗေဒအလင်းခန်း အဆင်းပြားရှုပ်လိုက်တာ
ပြိုင်ဆက်၊ တန်းဆက် ခက်လိုက်တာနော်....
 
- ထရန်စစ္စတာ တန်စတင်ကြိုးပုံး
အုမ်းနိယာမ.... တဲ့
ပြုံးပြီးသာခေါင်းကုပ်မိ....
 
- မဖြစ်သေးပါဘု သက်ပြင်းခါခါချ
ဒီစာတွေရအောင် မဟာဇနက္ကထုံး
နှလုံးမှာပိုက် ကျုံးကာကျက်လိုက်မဟဲ့လို့
မီးခွက်ကိုကိုင်....
 
- တကယ်မလင်း ဘယ်အခင်းပါလိမ့်
ချက်ချင်းအဖြေရှာမိ မီးဇာထိပ်ဖျားမှင်သီးများနဲ့
ရေနံဆီအ၀ယ်မှားပါပေါ့လား......။
 
နုမြေဇာယဉ်(သန့်စင်ကြယ်)
( ၁၅-၅-၈၈၊ နွေရာသီတေစုခေါင်းဆောင်သင်တန်း၏ နံရံကပ်စာစောင်မှာ အကောင်းဆုံးစာမူဆုရခဲ့သည် )


Comments

Popular posts from this blog

အတုမရှိသော ဗုဒ္ဓမြတ်စွာဘုရား

သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ပါစေ...