အတုမရှိသော ဗုဒ္ဓမြတ်စွာဘုရား Get link Facebook X Pinterest Email Other Apps - October 16, 2013 ကျွန်တော်ရဲ့ဆိုဒ်ကို လာရောက်ကြသူအပေါင်းတို့သည် ဗုဒ္ဓ၏အရိပ်အောက်တွင် တည်ရှိပါသောကြောင့် အေးချမ်းသာယာကြပါစေ... ၊ ဓမ္မတရားတော်တွေနှင့် ဓမ္မဆိုဒ်များကိုသွားချင်တယ်ဆိုရင်တော့ ဒီမှာ သွားလိုက်ပါနော်.. Get link Facebook X Pinterest Email Other Apps Comments
သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ပါစေ... - October 19, 2013 သီတင်းကျွတ်လပြည့်နေ့လေးမှာ ပျော်ရွှင်ကြပါစေလို့ အရင်ဆုံးဆုတောင်းပေးလိုက်ပါတယ်... ကျွန်တော်တို့ငယ်ငယ်တုန်းကတော့.. ရွာပြင်က ဘုရားကွင်းပြင်ကြီးမှာ ဗျောက်တွေဖောက်ကြ ဆီမီးတွေထွန်းကြနဲ့ပေါ့.. အရမ်းကိုပျော်စရာကောင်းတဲ့ အချိန်လေးတွေပါ... ရွာမှာရှိတဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့လုပ်အားခတွေကနေ ရရှိလာတဲ့ငွေလေးတွေကို စုစီးပြီးဆီမီးခွက်လေးတွေ လှူကြပါတယ်... သီတင်းကျွတ်လပြည့်နေ့မရောက်ရှိမှီကတည်းက ရွာသူကြီးအိမ်မှ အသံချဲ့စက်ဖြင့်အလှူခံပါတယ်.. (မှတ်မှတ်ရရ ကျွန်တော်နဲ့သူငယ်ချင်းများက ရွှေမြေဇူမြတ်စွာဘုရား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပွဲတော်ကြီးအတွက် မုန့်ဖိုးလေးတွေစုပြီး လှူခဲ့ရတာလေးတွေကို အမှတ်ရမိတယ်ဗျာ..) ပိုက်ဆံတွေ အလှူခံရပြီဆိုရင် ဘုရားဝန်းအတွင်းမှာတော့ဆီမီးတွေထိန်ထိန်ညှီးလို့ပေါ့.... လျှပ်စစ်မီးကုံး မီးပန်းများကိုလည်း ရွာဘုံမီးစက်ကြီးဖြင့် အလင်းပေါက်ပူဇော်ခဲ့ကြတာပါ.. အဲဒီတုန်းကတော့ ကျွန်တော်တို့ရွာမီးမရသေးဘူးလေ...အခုလိုလျှပ်စစ်မီးရတဲ့အချိန်ဆိုရင်တော့ ပိုလို့တောင်လှလိမ့်မယ်လို့ထင်ပါသည်.. အခုတော့လည်း ကိုယ့်ရွာ ကိုယ့်ဇာတိမှာ ကိုယ်မရှိပေမယ့်လည်း... ကိုယ့်စိတ် ကိုယ်နှလုံးထဲမှာတော့... Read more
Comments