သန့်စင်ကြယ်ရွာ...
ကျောင်းပိတ်သွားပြီဖြစ်သောကြောင့် ကျတော့်အိမ်သို့ပြန်ရောက်သည့်နေ့ ရွာထဲမလည်ဖြစ်တော့ပါ..အိမ်မှာပဲအမေတို့နဲ့စကားပြောရင်း...ညဘက်တွင်လည်း အင်တာနက်ခဏသုံးပြီး အိပ်ပျော်သွားပါသည်။ နောက်နေ့မနက်...ကျတော်ကြက်တွန်သံသဲ့သဲ့ နားထဲမှာကြားလိုက်ရသလိုလို ကျွန်တော်လန့်နိုးသွားသည်။ ရွာမြောက်ဘက်မှ သံချဲ့စက်မှ ဓမ္မသီချင်းများပျံ့လွှင့်နေသည်ကို ကြားရ၏.... အောက်ထပ်မှ အဖေတို့ အမေတို့ အသံလည်းကြားရသောအခါ ကျွန်တော်မေးလိုက်သည် “အမေ့ အသံချဲ့စက်က အစောကြီးရှိသေးတယ် ဘာလို့ဖွင့်တာလဲ” ကျွန်တော်မေးတော့မှ အမေက အခုမှကျတော့်ကို အမှတ်ရသယောင်နဲ့ “အယ်..ငါ့သား အမေလည်းမေ့နေတာ... ဒီနေ့ဒါနဘဏ်ဆွမ်းလောင်းပွဲနေ့လေ ထတော့ငါ့သား.. အမေတို့နဲ့လိုက်ခဲ့လေ” ကျတော်လည်း ဆွမ်းလောင်းပွဲကို သိပ်မရောက်ဖြစ်မှာ ကျောင်းတက်နေရတော့လည်း ရွာမှာဘာတွေလုပ်နေလဲ လက်တွေ့ကျကျမသိ... အရင်တစ်ခေါက်တော့ရောက်ဖူးသော်လည်း အခုတစ်ခေါက်က ကျတော့်ဦးလေးက ဆွမ်းကျွေးမယ့်ဒါကာဖြစ်နေသည်။ အိပ်ယာကထ မျက်နှာကုန်းရုန်းသစ်နေတုန်း အသံချဲ့စက် ကအော်နေသည်။ ဆွမ်းလောင်းမည့်သူများကိုဆော်သြနေသည်... မြန်မြန်အ၀တ်လေးလှဲပြီး ရွာမြောက်ဘက် ဘုရားသို့သွားလိုက်သည်...
နေမင်းကြီး ထွက်တော့မည့်အချိန် မှုန်ပြပြ.. ရွာ၏လမ်းမီးများက ထိန်ထိန်ညီးလို့... ရွာကသူတွေလည်း တစ်ချို့သွားနေကြသည်... ရွာတံခါးကထွက်လိုက်သည်နှင့် LED ဆိုင်းဘုတ်လေးနှင့် ဟောဟိုမှာ ကျတော်တို့၏ ရွှေမြေဇူမြတ်စွာဘုရား ကိုလှမ်းမြင်လိုက်ရ၏.. လူတွေလည်း တော်တော်စုံနေသည်။ စိတ်ထဲမှ ကြည်နူးမှုမျိုးကို ခံစားလိုက်ရသည်။ ရွာကလူငယ်တွေက တက်ကြွစွာ ဝေယာဝစ္စကိစ္စတွေလုပ်ပေးနေသည်။ ကျတော့်ကို ကျတော်ဝမ်းနည်းမိ၏.. ငါသူတို့လို မလုပ်ပေးနိုင်ပါ့လား.. ကြုံတုန်းကျတော်လည်း ၀င်လုပ်လိုက်သည်။ လုပ်နေသူတော်တော်များများက ကျောင်းသားများမဟုတ်.. အလုပ်တစ်ဖက်နဲ့ ကျောင်းမတက်ရသူများနှင့်..ကျောင်းပြီးသွားကြသော အကိုတွေဖြစ်၏... မကြာခင်ပဲ အသံချဲ့စက်မှ ဗျောရိုက်လိုက်သည်.... ဓမ္မတေးသွားက အားလုံး၏စိတ်ကိုညို့ယူနေသည်။ မိုးလေးကတစ်ဖြောက်ဖြောက်ကျလာသောအခါ ယခင်က အပြင်မှာကျင်းပကြသော်လည်း ဒီနေ့တော့ တန်ဆောင်းထဲမှာပဲ နေရာယူလိုက်ကြသည်... ဘုန်းတော်ကြီးများ၊ ကိုယ်ရင်လေးများက တန်းစီနေသည်။ စပြီးတော့ ဆွမ်းများလောင်းလှူကြသည်။.. သံချဲ့စက်မှ “သန့်စင်ကြယ်ရွာသူရွာသားများ မိမိတို့၏ကုသိုလ်ကောင်းမှူ အားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါကုန် သာဓု သာဓု သာဓု” ဟု ဆော်သြလိုက်တဲ့အခါမှာ အားလုံး၏ရင်ထဲမှာ ကြည်နူးကြလိမ့်မည်ထင့်.... လောင်းလှူပွဲပြီးသွားတဲ့အခါ ဆွမ်းလောင်းပွဲကိုလာကြသော ပရိသတ်များကို ကျတော့်ဦးလေးမှ မုန့်ဟင်းခါးကျွေး၏.. ကျတော်လည်း ၀ိုင်းကူကျွေးသည်။ ကျတော်တို့ရွာလေးသည် တစ်လကိုတစ်ခါ ဒီပွဲလေးကို ကျင်းပကြသည်။ ဒီပွဲလေးကိုစတင် စီစဉ်ဦးဆောင်သူများမှာ ရွာရှိလူငယ်များဟု သိလိုက်ရသောကြောင့် ချီးကျူးမိပါသည်။... ကျတော်ရွာ၏ဆွမ်းလောင်းလှူပွဲမြင်ကွင်းလေးကို မြင်အောင်ရေးလိုက်တာပါ..လေကြောရှည်တယ်လို့ မထင်ပါနဲ့ဗျာ... အောက်ကဓါတ်ပုံတွေကတော့ ဆွမ်းလောင်းလှူပွဲမြင်ကွင်းလေးတွေပါဗျာ.....











Comments